Thursday, March 17, 2022

ဝင်းဒိုး ကွန်ပျူတာ အသုံးပြုသူများအတွက် မရှိမဖြစ် ဗွီပီအန်

 .


.

မိုလ်ဘိုင်းဖုန်း (Andriod) တွေအတွက်တော့ VPN ‌application တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကွန်ပျူတာနဲ့ Facebook အသုံးပြုကြသူတွေအတွက်တော့ VPN ရှာရတာလည်း တစ်ဒုက္ခပါ။

.

ဒီနေ့တော့ ကျွန်တော့်အနေနဲ့ VPN ၃ ခုကို တစ်ဆက်တည်း တင်ပေးပါမယ်။

.

.

ပထမတစ်ခုကတော့ Psiphon VPN ပါ။ စမတ်ဖုန်း အသုံးပြုသူတွေတိုင်း သိပြီးသားဖြစ်မှာပါ။ Window အတွက် လိုအပ်ရင် ဒီမှာ ဒေါင်းပါ။ Free ဖြစ်ပါတယ်။

.

ဒုတိယတစ်ခုကတော့ Proton VPN ပါ။ သူလည်း Free သုံးလို့ ရပါတယ်။ ဒါပေမဲ့ အကောင့်တစ်ခု ဖွင့်ပေးဖို့တော့ လိုပါတယ်။ နောက်ထပ် လိုအပ်ချက် ကတော့ Window 10 (1803) နဲ့ အထက် ဖြစ်ဖို့ လိုအပ်ပါတယ်။ Window 7၊ Window 8 နဲ့ Window 10 (1803) (၂၀၁၈ ခုနှစ်၊ ဧပြီလထွက် ဗားရှင်း) ထက် နိမ့်တဲ့ Window တွေမှာ သုံးလို့ရမှာ မဟုတ်ပါဘူး။

.

.

Proton VPN ကို လိုအပ်ရင် ဒီမှာ ဒေါင်းပါ။

.

နောက်ဆုံးတစ်ခုကတော့ VPN BOOK ဖြစ်ပါတယ်။ သူကတော့ အပေါ် ၂ ခုနဲ့ မတူတာက သူ့အတွက် သပ်သပ် APP ထည့်ပေးစရာ မလိုဘဲ Window မှာပါတဲ့ VPN Setting ထဲမှာ လိုအပ်တာကို ဖြည့်ပေးလိုက်ရင် ရပါတယ်။ လုပ်နည်း အဆင့်ဆင့်ကို အောက်မှာ ကြည့်ပါ။

.

ပထမဆုံး www.vpnbook.com ကို ဝင်ပါ။

.

.

PPTP ထဲကို ထပ်ဝင်ပါ။

.

ကိုယ့်ရဲ့ ကွန်ပျူတာ ထဲက Setting – Network & Internet – VPN ထဲကို ဝင်ပြီး Add new VPN Connection ကို နှိပ်ပါ။

.

.


.

Connection Name မှာ vpnbook သို့မဟုတ် ကြိုက်တာ ထည့်ပါ။

.

Server name or address မှာ us1.vpnbook.com ကို ထည့်ပါ။

.

VPN Type မှာ Point to Point Tunneling Protocol (PPTP) ကို ရွေးပေးပါ။

.

Type of sign-in info မှာ user name and password ကို ရွေးပေးပါ။

.

User name မှာ vpnbook ကို ရိုက်ပေးပါ။

.

Password နေရာမှာ ခုနက ဖွင့်ခဲ့တဲ့ vpn book website ရဲ့ PPTP အောက်ထဲက password ကို ထည့်ပေးပါ။

.

အားလုံးပြီးသွားရင် Save ပြီးတော့ setting – network and internet- vpn ထဲက ခုနက ပေးခဲ့တဲ့ VPN (ဥပမာ vpnbook) ကို connect လုပ်ပါ။

.

.

Connected ဖြစ်သွားရင် သုံးလို့ရပါပြီ။ ဒီနည်းက Application သပ်သပ် ထပ်သွင်းစရာ မလိုတဲ့အတွက် ကိုယ့်ရဲ့ ကွန်ပျူတာကို အပို ဗာဟီရ မများဘဲ အသုံးပြုလိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အားနည်းချက်က Password  မကြာမကြာ ပြောင်းလဲတတ်တဲ့အတွက် အကယ်၍ ချိတ်နေရင်းက မရတော့ဘူးဆိုရင် www.vpnbook.com ကို တစ်ခါ ထပ်ဝင်ပြီး PPTP အောက်က Password ပြောင်းသွားရင် ကိုယ့်စက်ရဲ့ Setting မှာလည်း လိုက်ပြောင်းပေးဖို့ လိုပါတယ်။ ကျန်တာ အပြောင်းအလဲ မရှိပါဘူး။ Password တစ်ခုသာ ပြောင်းပေးရမှာ ဖြစ်ပါတယ်။

.

နောက်တစ်ခု သူ့ရဲ့ အားသားချက်ကတော့ မည်သည့် Window မဆို Window 7၊ Window 8၊ Window 10၊ Window 11 အားလုံး အသုံးပြုလို့ ရပါတယ်။ Version မရွေးပါဘူး။

.

ရွှင်လန်းချမ်းမြေ့ကြပါစေ။

 

.

 

 

 


No comments:

Post a Comment